Menu

ရွှေပါရမီ ပညာဒါန >>နာရေးကူညီမှုအသင်း(ဘန်ကောက်)၊ ကွန်ပျူတာ အင်္ဂလိပ်စာ မြန်မာစာနှင့် ထိုင်းစကားပြောသင်တန်း>>> ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ (၂၇၁)၊ LABOUR RIGHTS PROMOTION NETWORK (LPN)၊(အလုပ်သမား ရပိုင်ခွင့်နှင့်အခွင့်အရေးများ တိုးမြင့်လုပ်ဆောင်ရေး ကွန်ယက် ဖောင်ဒေးရှင်း) ထိုင်ပကန်ရပ်ကွက်၊ ဘန်ဖီမြို့၊ ထိုင်းနိုင်ငံ (ရွှေပါရမီ ပညာဒါန - ဖုန်း - 02-706-6094, 085-179-9037, 087-322-0401 သို့ဆက်သွယ်၍ အသေးစိတ် စုံစမ်းနိုင်ပါသည်။)

Friday, October 16, 2015

သီတင်းကျွတ်လပြည့်နေ့ ပ၀ါရဏာနေ့ အဘိဓမ္မာအခါတော်နေ့ မီးထွန်းပွဲတော်နေ့



(28.10.2015) ဗုဒ္ဓဟူးနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်သော သီတင်းကျွတ်လ၏ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ပ၀ါရဏာနေ့ သီတင်းကျွတ် မီးထွန်းပွဲတော်နေ့  ဖြစ်သည်။
ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ချိန်ခါ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ 
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူချေဆိုင်း။
ဂါရဝေ  သဒ္ဒါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ်နှိုးကြတယ်
မျိုးမြန်မာတိုင်း။ ။

Monday, September 28, 2015

မဟာချူလာတက္ကသိုလ်၌ ဆင်ယင်ကျင်းပအပ်သော ရွှေစင်တိပိဋကဓရ ဆရာတော်၏ ရေဘေးအလှူ တရားပွဲ

 ယနေ့ (27.9.2015) တနင်္ဂနွေနေ့ အယုဒ္ဓယမြို့ မဟာချူလာလောင်ကွန်းတက္ကသိုလ်ရှိ ဥပေါသထ ဥပုသ်သိမ်တော်မြတ်၌ ဆင်ယင်ကျင်းပအပ်သော ရွှေစင်တိပိဋကဓရ ဆရာတော်၏ ရေဘေးအလှူ တရားပွဲသို့ ရွှေပါရမီ ပညာဒါန - နာရေးကူညီမှုအသင်း(ဘန်ကောက်)၊ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271) ကွန်ပျူတာ အင်္ဂလိပ်စာ နှင့် ထိုင်းစကားပြောသင်တန်းမှ သင်တန်းများပိတ်၍ မှန်လုံကား (7) စီး၊ ရို့တုဒ်ခေါ် Van ကား (1) စီး၊ ကားသေး (အိမ်စီးကား) (1) စီးဖြင့် ဓမ္မမိတ်ဆွေ သူတော်ကောင်းများ (370) ကျော် သွားရောက်၍ ဓမ္မပူဇာအလှူတော်ငွေ 27.300 ဘတ် ကို လှူဒါန်းကာ တရားတော်များကို နာကြားခဲ့ကြပါသည်။

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့



 “တော်သလင်းမိုး ကန်သင်းကျိုး၊ တော်သလင်းနေ ပုစွန်သေ” ဟု ဆိုရိုးစကားရှိခဲ့သော တော်သလင်းလ (28.9.2015) သည် မြန်မာနိုင်ငံ မြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်များထဲမှ တော်သလင်းလပြည့် - ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေသည်။ “ဂရုဓမ္မ” ဆိုသည်မှာ အလေးအနက်ပြု၍ လေးလေးစားစား စောင့်ထိန်းလိုက်နာအပ်သည့် သီလ တရားဖြစ်သလို ရှေးဘုရားလောင်း သူတော်ကောင်းကြီးများ ရိုရိုသေသေ ကျင့်သုံးခဲ့သည့်အတွက် ဂရုဓမ္မတရား ဟု အမည်ရခြင်း ဖြစ်သည်။  ဂရုဓမ္မအခါတော်နေ့ဟု ဆိုလိုက်သည်နှင့် မြန်မာပြည်၏ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြင်ယောင်မိလာပါတော့သည်။ မှတ်မိသလောက်ဆိုရင် 2008 ခုနှစ် နာဂစ်မုန်တိုင်းမှစ၍ ယနေ့မျက်မှောက်ထိ အချိန်အခါမဲ့ သဘာဝဘေးအန္တရာယ်များ ကျရောက်နေခဲ့တာတွေကို မြန်မာပြည်သူ ပြည်သားများနှင့် အုပ်ချုပ်သူအာဏာရှင်များ၊ အကိုးကွယ်ခံရဟန်းသံဃာများလည်း မျက်ဝါးထင်ထင် တွေ့နေ့ မြင်နေရသလို ကိုယ်တိုင်ကြုံတွေ့ပြီး ဒုက္ခပင်လယ်ဝေနေသူများလည်း ရှိကြပေမည်။ မည်ကဲ့သို့သော အကြောင်းများကြောင့် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနေရသလဲဆိုတာကို ရဟန်းသံဃာများ နှင့် ဗုဒ္ဓစာပေ လေ့လာဖူးသူများ သိကြသလို မသိကြသေးသူများအနေဖြင့် အရင်းစစ်လျှင် အမြစ်ကထင်ပြီး ဂရုဓမ္မတရား အကျဉ်းချုပ်ကို အနှစ်ထုတ်ကာ မှတ်သားနာယူနိုင်ကြစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။

Monday, August 31, 2015

“ဓမ္မဥပဒေရဲ့ ပြစ်ဒဏ် တရားတော်” ဓမ္မ၀ီရ အရှင်တေဇနိယ {Ph,D}

                  



 ယခုအချိန်ကာလ၌ကမ္ဘာလောကကြီးသည်လောကီအသုံးအဆောင်များတဖြည်းဖြည်းတိုးတက်လာသည်နှင့်အမျှ လောကုတ္တရာအသုံးအဆောင်များဖြစ်သည့် ကိုယ်ကျင့်သီလစသည် အရာတို့သည်လည်းတစတစထိုးကျ၍နေချေ၏။လောကီတရားများတိုးတက်ပြီးလောကုတ္တရာဆိုင်ရာကိုယ်ကျင့်သီလစသည်ကိုလည်း လောကီတရားနည်းတ တိုးတက်မှုညီမျှအောင်မလုပ်ဆောင်နိုင်ကြ ခြင်းကြောင့် လောဘ၊ဒေါသ၊မောဟ၊မာနတရားများတိုးပွား လာ၍ကိုယ်ချင်းစာခြင်းသနား ကရုဏာထောက်ထားညှာတမှုများကင်းပြီး ငါ့ဝငါရလျှင်ပြီး၏ဟူသောအတ္တကြီး မားစိတ်ထားယုတ်များ ကိုရှေ့တန်းတင် လာကြပြီး မည်သူသေသေ ငတေမာပြီးကောဟုသောအတ္တ စိတ်များကြီးစိုး၍ သူတပါးအတွက်ကိုယ် ချင်းစာ၍ နားလည်ပေးပြီး တရားမျှတစွာမလုပ်ကြတော့ပဲ ငါအတွက်၊ငါ့ရာထူးအတွက်၊ငါ့စည်းစိမ်အတွက်ဟူသောအတ္တစိတ်ဖြင့်သာငါသကော ကောလုပ်ဆောင်လာကြပါသည်။

Friday, August 28, 2015

အချောင်လိုချင်ရင် ရထားတာပါ ဆုံးရှုံးသွားတတ်တယ်



လောကမှာ “ရာထူးဂုဏ်သိုရ်၊ အာဏာပါဝါ၊ဥစ္စာဓန၊ငွေကြေး၊အိမ်ရာ၊အသပြာ”စသော အရာများအား မလိုချင်သောသူသည် ရှိမည်မဟုတ်ချေ၊ သို့သော် မိမိရသင့်ရထိုက် ထိုက်တန်သည်ထက် ပိုမို၍ မတော်လောဘတက်ပြီး နည်းလမ်းအမှားဖြင့် ရယူမည်ဆိုပါက ၊ နိဂုံးအဆုံးမှာတော့ မိမိမှာ ပိုင်ဆိုင်ရရှိပြီးထားသည့် အရာများပါ အလဟဿဆုံးရှုံးကာ ဇာတ်သိမ်းမလှပပဲ ဘ၀ညိမ်းသွားတတ်ကြပါသည်။
အချို့သည် ၊အခွင့်အရေး၊ရာထူးအာဏာ၊ ဥစ္စာငွေကြေး၊ဘွဲ့ထူးဂုဏ်ထူးများအား မိမိထိုက်တန်သည်ထက် ပိုမိုကာ ရယူပိုင်ဆိုင်ချင်သည့်အတွက် မတော်လောဘဖြင့် ရယူကြ၏၊ 

Monday, August 24, 2015

“ချပါတီ နဲ့ ၀ါးတားပါတီ ရေပါတီ”





 မြန်မာပြည်၏ အနာဂတ်အတွက် လွန်စွာအရေးပါသည့် ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ကျင်းပ ရန် လပိုင်းမျှသာလိုပါတော့တယ်။ ရက်အားဖြင့် ရက်ပေါင်း(၇၀) စွန်းစွန်းလေးပဲလိုတော့ တာပါ။ စာရေးသူလည်းသာသနာ့ဝန်ထမ်းရှင်ရဟန်းဖြစ်လို့ကိုယ်တိုင်ကိုယ်ကျမဲပေးခွင့်မရရှိသော်လည်းနိုင်ငံသားတဦးအနေနဲ့ ရွေးကောက်ပွဲကိုစိတ်ဝင်တစားရှိသလို နိုင်ငံနဲ့ လူမျိုး ဘာသာသာ သနာကို ဟန်ချက်ညီညီတိုးတွက်အောင်ဆောင်ရွက်နိုင်မဲ့ အစိုးရတစ်ရပ်ကိုမျှော်လင့်မိပါတယ်။

Sunday, May 31, 2015

နယုန်လပြည့်နေ့ - မဟာသမယအခါတော်နေ့



တရားချစ်ခင် သူတော်စဉ်အပေါင်းတို့ 1.6.2014 သည် နယုန်လပြည့်နေ့ ဖြစ်ပါတယ်၊ နယုန်လပြည့်နေ့ကို မဟာသမယနေ့လို့ ခေါ်ပါတယ်၊ မဟာသမယဆိုတာ မြတ်သော အခါတော် ( သို့ ) မြတ်သောအစည်းအဝေး၊ မြင်မြတ်သူတို့၏ ကြီးကျယ်သော အစည်းအဝေးလို့ အဓိပ္ပါယ်ရပါတယ်၊ အဲဒီအစည်းအဝေးကို သက္ကတိုင်း နှင့် ကောလိယတိုင်း နှစ်တိုင်းတို့၏ အကြား ရောဟိနီမြစ်၏ အနောက်ဘက် သက္ကတိုင်းနယ်ထဲက ဟိမ၀န္တာ တောင်ခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Wednesday, May 20, 2015

ဗုဒ္ဓအလိုကျ ဒါနပြုကြမယ်



ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးမှန်ရင် ငယ်ငယ်ကြီးကြီး ပျိုပျို အိုအို လူတိုင်းလူတိုင်း ကုသိုလ်ဒါန မပြုဖူးသူရယ်လို့ မရှိသလောက်ပါ။ ဘာ့ကြောင့်လှူဒါန်းကြသလဲ မေးရင် ကုသိုလ်ရချင်လို့ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို လိုချင်လို့ပါဟု ဖြေလေ့ရှိကြပါတယ်။

Saturday, May 16, 2015

ပရိတ် (သို့) အရံအတား



မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ် ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ်သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင့် တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။

“ဗုဒ္ဓဘာသာသွေး (သို့) ဘာသာခြားသွေး အနှောမခံစေရန်"



ဗုဒ္ဓဘာသာသွေးဟူသည် သန့်ရှင်းစင်ကြယ်ခြင်း သဘောရှိ၍ ညစ်နွမ်းခြင်း သဘောမှ ကင်းခြင်း၊ ရဲရင့်ခြင်း  သဘောဆောင်၍ တွေဝေမိုက်မဲမှုကင်းခြင်း၊ မေတ္တာတရားကြီးမား၍ ရက်စက်ခြင်းမှ ကင်းဝေးခြင်း၊ ပေးကမ်းမှုရက်ရော၍ နှမြောတွန့်တိုခြင်းမရှိခြင်း၊ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိတတ်၍ ချောပစ်ကုန်းတိုက် မဟုတ်မမှန် လိမ်ညာမှုတရားများကို ထုတ်ပယ်ခြင်း သဘောမျိုးပါ။

Thursday, May 14, 2015

မိစ္ဆာဒိဋ္ဌိဘုရင်နှင့် သရဏဂုံရှင်



ယခုဖော်ပြမည့် ဖြစ်ရပ်ဟာ ဆန်းကြယ်မှု အသွယ်သွယ်နဲ့ ပြွန်းတီးနေတဲ့ဖြစ်ရပ်မို့ စိတ်ကူးယဉ် ဒဏ္ဍာရီတစ်ခုလို့ ထင်မသွားဖို့တော့ စောစောက ကြိုတင်တောင်းပန်ထားပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒီတကယ့်ဖြစ်ရပ် အကြောင်းကို မှတ်တမ်းတင်ခဲ့သူဟာ ဘာသာခြား လူမျိုးခြားတစ်ယောက် ဖြစ်နေလို့ပါပဲ။
သူကတော့ အင်္ဂလိပ်လူမျိုး သမိုင်းဆရာ ‘ဂျီအီးဟာဘေ’ ပဲဖြစ်ပါတယ်။ ဘာသာခြားလည်းဖြစ်၊ လူမျိုးခြားလည်း ဖြစ်တဲ့အတွက် ဗုဒ္ဓနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ဂုဏ်တင်မရေးမှာကတော့ သေချာလှပါတယ်။ ယခုဖြစ်ရပ်ကို ‘မြန်မာ့သမိုင်း အကျဉ်းချုပ်’ စာအုပ်မှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဓမ္မရသ၊ သုတရသ၊ ကရုဏာရသ၊ ဘယာနက ရသ၊ ဝီရရသ စတဲ့ ရသမျိုးစုံကို ခံစားကြည့်ရအောင်ပါ။

မျိုးချစ်မြန်မာ မိသားစု ရှင် ၁၀၀ အလှူတော် အောင်ပွဲ



မျိုးချစ်မြန်မာဆရာတော် အရှင်သီဟဥာဏ(မူကြို)၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ ၀ပ်ဖငင်ကျောင်းဆရာတော်၊ နာရေးကူညီမှုအသင်း(ဘန်ကောက်)၏ နာယကဆရာတော်၊ ရှမ်းပြည်တောင်ပိုင်း ဘော်ဆိုင်းမြို့ ရေဖြူကန်ရွာ မြတ်စေတနာလူမှုကူညီရေးအသင်းမှ မြတ်စေတနာဆရာတော်၊ အင်းလေးကန် မိုင်းသောက်ကျောင်းဆရာတော်၊ လာအိုနိုင်ငံမှ လာအိုဦးဇင်းလေး ဘိုငင် တို့နှင့်အတူ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ မျိုးချစ်မြန်မာ ဒကာ-ဒကာမများ အတူလိုက်ပါလျက် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ အရှေ့ကျောင်းကြီးတိုက်၌ 22.4.2015 မှ 24.4.2015 ထိ ၃ ရက်တိုင်တိုင် မျိုးချစ်မြန်မာ မိသားစု ရှင် ၁၀၀ အလှူတော်ကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မြန်မာသတင်းများ